Wednesday, September 19, 2012

ငါ့နာမည် ချင်းအမျိုးသားနေ့

သွေးအသက်နဲ့ပေးဆပ်ခဲ့ရတဲ့ငါ့နာမည်
ခေါ်ချင်ရာမခေါ်ကြပါနဲ့
နည်းနည်းလေးတော့အားနာပေးကြပါ
ကလေကချေ ဝေလေလေမဟုတ်ဘူး
ငါ့နာမည်မှာ သမိုင်းကြောင်းရှိတယ်...........

ရေဆန်ခရီးကြမ်းမှာ မွေးဖွားရှင်သန်ရရှိလာတဲ့ငါ့နာမည်
ခေါ်ချင်ရာခေါ်လို့တော့မဖြစ်ဘူး
မွေးရက်သက္ကရာဇ် အမှန်အကန်နဲ့
နာမည်အရင်းရှိနေတာကို
ကြံကြံဖန်ဖန် ပြောင်းလဲမခေါ်ကြပါနဲ့
အတိမ်းအစောင်းတောင် မခံနိုင်ဘူးဟေ့............

ငါ့ကိုမွေးဖွားပေးခဲ့ကြတဲ့
မိဘတွေရဲ့မျက်နှာကိုမှမထောက်
ခေါ်ချင်ရာမခေါ်ကြပါနဲ့
သမိုင်းကြောင်းအမှန်နဲ့ ငါ့နာမည်ကို
နောင်လာနောင်သား နှောင်းလူများတို့
အငြင်းမပွားလေနဲ့ ငြိမ်းချမ်းစွာနဲ့
ငါ့ရဲ့မွေးနေ့ရက်မြတ်ကို
အမှန်အကန် တူတူတန်တန်လေးတော့ လုပ်ပေးကြပါ........

မမှန်မကန် အကြံအဖန်တွေ မလုပ်မိစေနဲ့
ငါ့ရဲ့မွေးနေ့က ၁၉၄၈ ခုနှစ်၊ဖေဖေါ်ဝါရီ(၂၀)ရက်
ငါ့နာမည်က (ချင်းအမျိုးသားနေ့) ဖြစ်တယ်.......

                                  ဖေသာအောင်(၂၇.၁.၂၀၁၂)

No comments:

Post a Comment